Saturday, May 06, 2006

Best Photo Editing Freeware

ဖိုတိုအက်ဒစ်တင်း ဆိုတာနဲ့ လူတိုင်းက ဖိုတိုရှော့ပ်ကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ဖိုတိရှော့ပ်ဟာ အခကြေးငွေပေးပြီး သုံးစွဲရတဲ့ ဆောဖ့်ဝဲလ် ဖြစ်ပါတယ်။ စွမ်းဆောင်မှု အမြင့်မားဆုံး ဆိုတာကိုတော့ မပြောလိုတော့ပါဘူး။ စွမ်းဆောင်ရည် မြင့်မားတာနဲ့ အမျှ စက်ထဲမှာ နေရာယူတာလည်း များပါတယ်။ ဖိုတိုရှော့ပ် သုံးဖို့အတွက် မန်မိုရီ များများစားစားလည်း လိုအပ်ပါသေးတယ်။ တကယ်လို့များ ပိုင်ရိတ် ဆော့ဖ်ဝဲလ်တွေသာ ၀ယ်မရဘူးဆိုရင်၊ ကိုယ့်စက်ကလည်း ဖိုတိုရှော့ပ်က တောင်းဆိုတဲ့ သတ်မှတ်ချက် မပြည့်မှီဘူးဆိုရင် ဟောဒီ ဖရီးဝဲလ်လေးကို သုံးကြည့်သင့်ပါတယ်။ Pixia လို့ခေါ်တဲ့ ပရိုဂရမ်လေးဟာ အရင်က ဂျပန်ဗားရှင်းသာ ရှိတာပါ။ နာမည် အတော်ကြီးပါတယ်။ အဲဒီပရိုဂရမ်လေးမှာ ဖိုတိုရှော့က လုပ်နိုင်တဲ့ အရာတွေ များစွာကို လုပ်နိုင်ပါတယ်။ လေယာတွေ ထပ်ခြင်း ပေါင်းစပ်ခြင်းများလည်း လုပ်နိုင်တယ်။ စုတ်တံကိုလည်း နှစ်သက်ရာ ရွေးချယ်နိုင်သလို ကိုယ်တိုင်လည်း ပြုလုပ်နိုင်ပါတယ်။ ဖိုင်ဆိုဒ်က ၃.၉ မက်ဂါဘိုက်လောက်ပဲ ရှိပါတယ်။

Pixia : [ http://www.snapfiles.com/get/pixia.html ]



Best Vector Image Creator

ဗက်တာ အင်းမေ့ခ်ျ ဆော့ဖ်ဝဲလ်တွေဟာ ဒီဇိုင်းပြုလုပ်ရာမှာ၊ အိုင်ကွန်းတွေ ပြုလုပ်ရာမှာ၊ လိုဂိုတွေ ပြုလုပ်ရာမှာ သိပ်အသုံးဝင်တဲ့ ဆော့ဖ်ဝဲလ်တွေ ဖြစ်ပါတယ်။ ထင်ရှားတာတွေကတော့ Adobe Illustrator, Corel Draw, Free Hand စတာတွေ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲလ်တွေဟာလည်း စွမ်းဆောင်အား ကောင်းသလို တန်ဖိုး ကြီးပါတယ်။ ဆိုဒ်လည်း ကြီးပါတယ်။ ဆော့ဖ်ဝဲလ် တစ်မျိုးခြင်းဆီမှာ အားနည်းချက် အားသာချက်တွေ ရှိပါတယ်။ အခု ကျွန်တော် လက်ရှိသုံးနေတဲ့ ဆော့ဖ်ဝဲလ် ကတော့ မိုက်ခရိုဆော့ဖ်က ထုတ်တဲ့ MS Expression ဆိုတဲ့ ဆော့ဖ်ဝဲလ် ဖြစ်ပါတယ်။ ဗက်တာပုံများသာမက၊ လေယာများကိုပါ ရောစပ် အသုံးပြုနိုင်ပါတယ်။ အသုံးပြုရလည်း အရမ်းလွယ်ပါတယ်။ သာမာန်လူ တစ်ယောက်တောင် ခဏလေးနဲ့ တတ်ကျွမ်းသွား နိုင်ပါတယ်။ ဆိုဒ်ကတော့ ၅၀ မက် နီးပါး ရှိပါတယ်။ [Character Creation] တကယ်လို့ ဒါကိုမှ မသုံးချင်သေးဘဲ ခပ်သေးသေးနဲ့ စွမ်းဆောင်အား ကောင်းလွန်းတဲ့ ဆော့ဖ်ဝဲလ်ကို သုံးမယ် ဆိုရင်တော့ Inkscape ဆိုတာကို သုံးဖို့ အကြံပြုချင်ပါတယ်။ ဒီဆော့ဖ်ဝဲလ်ဟာ အခမဲ့ဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ အတွက် ယခုအခါ လူတော်တော်များများ သုံးစွဲနေကြပါတယ်။ သူနဲ့ ဖန်တီးထားတဲ့ အချို့ပုံတွေကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ [Screenshots]

[MS] http://www.microsoft.com/products/expression/en/graphic_designer/default.mspx
[Inkscape] http://www.inkscape.org/



Best Photo Resizing Freeware

တချို့သော ပုံတွေဟာ ဆိုဒ်ကြီးမားနေတဲ့အခါ ကိုယ်လိုချင်တဲ့ ဆိုဒ်ရအောင် ပြန်ချုံ့ပေးရပါတယ်။ အရင်ကဆို အဲလို ဆိုဒ်ချုံ့ဖို့ ဖိုတိုရှော့ပ်ကိုပဲ သုံးရပါတယ်။ အခု ဖရီးဆော့ဖ်ဝဲလ်တွေ ပေါ်လာတဲ့အခါ အလွန် အသုံးဝင်လှပါတယ်။ ဖိုင်ဆိုဒ် သေးငယ်တဲ့အပြင် လွယ်လွယ်ကူကူ အပန်းမကြီးဘဲ ချုံ့နိုင်လာပါပြီ။ အဲဒီလို ဖိုတိုရီဆိုဒ်ဇင်း လုပ်တဲ့ ဖရီးဝဲလ်ယား တွေထဲက အကောင်းဆုံး တစ်ခုကတော့ Pixresizer လို့ခေါ်တဲ့ ဆော့ဖ်ဝဲလ်ပဲ ဖြစ်ပါတယ်။ ပုံတစ်ပုံချင်းဆီကို ချုံ့နိုင်ရုံသာမက Batch Resizing လို့ခေါ်တဲ့ ပုံအများကြီးကို တပြိုင်နက် ချုံ့နိုင်တာမျိုးလည်း လုပ်နိုင်ပါတယ်။

[Pixresizer] http://bluefive.pair.com/pixresizer.htm



Best Image Viewer

ဓါတ်ပုံတွေကို ကြည့်ရှုရုံသာမက ပြုပြင်မွမ်းမံနိုင်တဲ့ ဆော့ဖ်ဝဲလ်တွေထဲမှာ ကျွန်တော် အနှစ်သက်ဆုံးက ဂူးဂယ်လ်က ဖရီးပေးထားတဲ့ Picasa ဆိုတဲ့ ဆော့ဖ်ဝဲလ်ပဲ ဖြစ်ပါတယ်။ အဲဒီဆော့ဖ်ဝဲလ်ဟာ ကိုယ်နှစ်သက်တဲ့ ပုံတွေကို ဂယ်လာရီအလိုက် ကြည့်နိုင်ရုံသာမက မမြင်စေချင် တာတွေကိုလည်း ဖွက်ထားလို့ ရပါသေးတယ်။ ဓါတ်ပုံ တစ်ခုချင်းဆီသာမက အားလုံးကို စုပြီးလည်း အရောင်တွေ ပြောင်းလဲ နိုင်ပါတယ်။ ဘလော့်ခ်ဂါ သုံးစွဲသူများအနေနဲ့ အဲဒါကိုသုံးပြီးလည်း ကိုယ့်ဘလော့ခ် အပေါ်ကို ပုံတွေ တိုက်ရိုက် တင်နိုင်ပါတယ်။

[Picasa] http://picasa.google.com/



Best Capturing Picture Freeware

ကွန်ပြူတာ မော်နီတာ ပေါ်က ပုံတွေကို၊ စာသားတွေကို ဓါတ်ပုံအဖြစ် ဖမ်းယူနိုင်တဲ့ ဖရီးဝဲလ် တစ်ခု ဖြစ်ပါတယ်။ ကိုယ်နှစ်သက်ရာ ဖိုင်အမျိုးအစားနဲ့ ကူးယူနိုင်ပါတယ်။ ၀င်းဒိုး တစ်ခုလုံးသာမက ကိုယ်လိုချင်တဲ့ အစိတ်အပိုင်း လေးကိုလည်း မှတ်သားပြီး ကူးယူနိုင်ပါတယ်။ သုံးခဲ့ဖူးသမျှ Capture ဆော့ဖ်ဝဲလ် တွေထဲမှာတော့ ဒီ MW Snap ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးကို စိတ်တိုင်းအကျဆုံး ဖြစ်ပါတယ်။

[MW Snap] http://www.mirekw.com/winfreeware/mwsnap.html



Best Sound Editing Freeware

အသံသွင်းယူခြင်း၊ အသံတည်းဖြတ်ခြင်း များအတွက် အကောင်းဆုံးနဲ့ အပေါ့ပါးဆုံး ဖရီးဝဲလ် တစ်ခု ဖြစ်ပါတယ်။ အခမဲ့ သုံးစွဲခွင့် ပေးထားပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ဟာ အလွန်တရာ ကောင်းပါတယ်။ Audacity ဟာ ဆိုနီရဲ့ အက်ဆစ် ဆော့ဖ်ဝဲလ်လို သုံးစွဲလို့ ရသလို၊ ဝေ့ဖ်ဖိုင်တစ်ခုချင်းစီကို အသံတွေပြောင်းလဲလို့လည်း ရပါတယ်။ အသံတွေ ပြုပြင်ပြီးတဲ့အခါ ကိုယ်လိုချင်တဲ့ ဖိုင်အမျိုးအစားနဲ့ ထုတ်ယူနိုင်ပါသေးတယ်။

[Audacity] http://audacity.sourceforge.net/



Best Mp3 Player

အမ်ပီသရီး ပလေယာတွေ ထဲမှာတော့ Winamp ဟာ အကောင်းဆုံးလို့ ထင်ပါတယ်။ ကိုယ်နှစ်သက်ရာ ပုံစံတွေကိုလည်း ဒေါင်းလုဒ် လုပ်ယူလို့ ရပါတယ်။ အမ်ပီသရီး ဖွင့်ရုံတင် မကဘဲ အွန်လိုင်း ရေဒီယိုလိုင်းများ ဖမ်းယူ နားထောင်ရာမှာလည်း အလွန်ကောင်းပါတယ်။

[Winamp] http://www.filehippo.com/download_winamp/



Best Word Processing Freeware

ယနေ့ မီဒီယာခေတ်မှာ စာစီစာရိုက်နဲ့ စာရင်းဇယားဟာ ကွန်ပြူတာ သုံးစွဲသူတိုင်းနဲ့ မလွတ်ကင်းနိုင် ကြပါဘူး။ မိုက်ခရိုဆော့ဖ်ဟာ Microsoft Office ဆိုတဲ့ ဆော့ဖ်ဝဲလ်ကို ထုတ်ပြီး အကျိုးအမြတ် လွန်စွာ ရရှိခဲ့သလို အများအတွက်လည်း အလွန် အသုံးတဲ့ ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တော့ အဲဒါဟာ အခမဲ့ ဆော့ဖ်ဝဲလ် မဟုတ်ပါဘူး။ အခုပေါ်လာတဲ့ Open Office ဆိုတဲ့ ဖရီးဝဲလ်မှာတော့ မိုက်ခရိုဆော့ဖ်အော့ဖစ်က လုပ်နိုင်တဲ့ အရာတွေ အားလုံး နီးပါးကို လုပ်ပေးနိုင်ပါတယ်။ ၀ါဒ် သာမက အိပ်ဇဲလ်၊ ပါဝါပွိုင့်များပါ လုပ်ယူနိုင်ပါတယ်။ အတော်လေး ကောင်းပါတယ်။

[Open Office] www.openoffice.org



Best PDF Creator Freeware

ကိုယ့်ဖိုင်တွေကို ပီဒီအဖ် လုပ်ဖို့ရာ အရင်ကဆို အတော်ခက်ခဲပါတယ်။ Adobe Acrobat 6 ကို အတော် လိုက်ရှာရပါတယ်။ လေးလည်း လေးပါတယ်။ အခု ဖရီးဝဲလ်ဖြစ်တဲ့ PDF Creator ကတော့ သေးသေးလေးနဲ့ ကိုယ်နှစ်သက်ရာဖိုင်ကို အခရိုဘတ် ဖိုင်အဖြစ် လွယ်လွယ်ကူကူ ပြောင်းယူနိုင်ပါတယ်ခင်ဗျား။

[PDF Creator] http://sourceforge.net/projects/pdfcreator/



Best FTP Client

ဝဘ်ဆိုဒ်တစ်ခု ပိုင်ဆိုင်ထားသူများ၊ အခြားဝဘ်ဆိုဒ်တစ်ခုသို့ ဖိုင်များ တင်ခြင်း၊ ကူးယူခြင်းများ ပြုလုပ်လိုသူများ အနေနဲ့ အဆိုပါ ဆိုဒ်က FTP Access ပေးတယ်ဆိုရင် အက်ဖ်တီပီ ကလိုင်းရင့်ကို သုံးခြင်းအားဖြင့် ပိုမိုလွယ်ကူ လျှင်မြန်စေနိုင်ပါတယ်။ အားလုံးထဲမှာ FileZilla ဆိုတဲ့ ဆော့ဖ်ဝဲလ်ဟာ အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ဖြစ်ပါတယ်။

[Filezilla] http://sourceforge.net/projects/filezilla



Best File Defragmentor

ကွန်ပြူတာ သုံးစွဲသူများ အနေနဲ့ တစ်လကို အနည်းဆုံး ၁ ကြိမ်လောက်တော့ စက်ကို ဒီဖရက် လုပ်သင့်ပါတယ်။ ဒီဖရက်လုပ်တယ် ဆိုတာ ဟက်ဒစ် ပေါ်မှာ နေသားတကျ မဟုတ်ဘဲ ပြန့်ကျဲနေတဲ့ ဖိုင်တွေကို အစီအစဉ်ကျအောင် လုပ်ပေးတာ ဖြစ်ပါတယ်။ ဖိုင်တွေ ပြန့်ကျဲနေတဲ့အခါ ကိုယ့်စက်ဟာ မလိုအပ်ဘဲ အချိန်တွေကြာပြီး လေးနေတတ်ပါတယ်။ ဖိုင်အထုတ်အသွင်း များသူများ၊ ပရိုဂရမ်များစွာ အင်စတောလ် လုပ်လိုက် ဖျက်လိုက် လုပ်သူများအတွက်တော့ ဒီဖိုင်ပြန်စီခြင်းက မရှိမဖြစ် လုပ်ရမှာ ဖြစ်ပါတယ်။ ၀င်းဒိုးစ်မှာ ဒီစနစ်က အစထဲက ပါပြီးသားပါ။ ဒါပေမယ့် ကြာပါတယ်။ အောက်က Power Defragmenter ကတော့ ပိုမို လျှင်မြန်စွာ ဖိုင်တွေကို စီပေးနိုင်ပါတယ်။

[Power Defrag] http://www.softpedia.com/get/System/Hard-Disk-Utils/Power-Defragmenter.shtml



Best Download Manager

ဒေါင်းလုဒ် မန်နေဂျာ ပရိုဂရမ်များဟာ ဖိုင်တွေကို ဒေါင်းလုဒ် လုပ်ရာမှာ အလွန် အသုံးဝင်လှပါတယ်။ ပုံတွေကို တစ်ပုံချင်း ကူးယူနေမယ့်အစား တစ်ပြိုင်နက်လည်း ကူးယူနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ ဖိုင်အမျိုးအစားကို ရွေးချယ်ပြီးတော့လည်း ကူးယူနိုင်ပါတယ်။ ဒေါင်းလုဒ် မန်နေဂျာတွေထဲက ကျွန်တော် အနှစ်သက်ဆုံးက FDM ပဲ ဖြစ်ပါတယ်။ Streaming ဖိုင်များမှအပ ကျန်ဖိုင်အားလုံးကို ကူးယူနိုင်ပါတယ်။ လင့်ခ်ပေါင်းများစွာကို NotePad မှာရေးမှတ်ပြီး တစ်ကြိမ်တည်းမှာ တစ်ပြိုင်နက် ကူးယူလို့လည်း ရပါတယ်။ ဖိုင်တစ်ခုအတွက် သက်ဆိုင်ရာ လင့်ခ်မှာ မရရင် မေရာလင်ခ့် ရှာပြီး ကူးပေးနိုင်လို့ မြန်လည်း မြန်ပါတယ်။

[FDM] http://www.freedownloadmanager.org



Best Torrent Client

တောရင့်ဆော့ဖ်ဝဲလ်တွေဟာ ယနေ့အချိန်မှာ အလွန်ပဲ အသုံးဝင် အကျိုးရှိလှပါတယ်။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံး Peer to Peer ဆက်သွယ် အသုံးပြုနိုင်လို့ ဖိုင်တွေကို အင်တာနက် ဆာဗာတွေပေါ် မတင်ဘဲ ကိုယ့်စက်ကနေ တိုက်ရိုက် P2P Network ကိုဆက်သွယ်ပြီး ပေးပို့ရယူ နိုင်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ ဖိုင်တွေကို ရယူရာမှာ ပုံမှန်အတိုင်းဆို အချိန်ကြာမြင့်ပေမယ့် ဒီတောရင့် ဆော့ဖ်ဝဲလ်တွေ သုံးစွဲပြီး ရယူမယ် ဆိုရင်တော့ ပိုမို မြန်ဆန်နိုင်ပါတယ်။ ဒါတင်မကဘဲ တကူးတက ဂရုတစိုက် ကူးယူနေစရာ မလိုဘဲ သူ့ဘာသာ စီမံခန့်ခွဲပြီး ကူးယူနိုင်လို့ အလုပ်မရှုပ်တော့ပါဘူး။ Torrent Client ပေါင်းများစွာ ရှိတဲ့ အထဲမှာ နာမည်အကြီးဆုံး နှစ်ခုက Azureus နဲ့ Utorrent ပဲဖြစ်ပါတယ်။ Utorrent ကတော့ အသွင်သဏ္ဍာန် ပိုမိုရှင်းလင်းပြီး ပရိုဂရမ်ကို အင်စတောလ် လုပ်စရာ မလိုပါဘူး။ တိုက်ရိုက် ဖွင့်နိုင် ပိတ်နိုင်ပါတယ်။ စွမ်းအားလည်း ကောင်းပါတယ်။

[Utorrent] http://www.utorrent.com/
[Azureus] http://azureus.sourceforge.net/



Best Extension for Download Manager

ဒါကတော့ ဖိုင်းယားဖောက်စ် ဘရောက်ဇာ အသုံးပြုသူတွေအတွက် မရှိမဖြစ် Extension တစ်ခုပဲ ဖြစ်ပါတယ်။ သူ့ကို ဒီအတိုင်း အသုံးပြုလို့ မရဘဲ ဒေါင်းလုဒ် မန်နေဂျာတစ်ခုနဲ့ အသုံးပြုရပါတယ်။ ကျွန်တော်ကတော့ အထက်မှာ ပြောခဲ့တဲ့ FDM နဲ့ တွဲသုံးပါတယ်။ ဒီ Flash Got ဆိုတဲ့ အိပ်စ်တန်းရှင်းလေးဟာ ဖိုင်းယားဖောက်စ်ရဲ့ လူကြိုက်အများဆုံးနဲ့ ပေါ်ပြူလာ အဖြစ်ဆုံးလည်း ဖြစ်ပါတယ်။ အဲဒီအထဲမှာ ပါတဲ့ Build Gallery ဆိုတဲ့ ဖန်ရှင်လေးဟာ အတော်ပဲ အသုံးဝင်ပါတယ်။ ၀ဘ်ဆိုဒ် တစ်ခုလုံးမှာ ရှိတဲ့ ရှိသမျှ ဒေတာ အားလုံးကိုလည်း ကလစ်တစ်ချက် နှိပ်ရုံနဲ့ ကူးယူနိုင်ပါတယ်ခင်ဗျား။ ဖိုင်းယားဖောက်စ်မှာပဲ အလုပ်လုပ်ပါတယ်။ အိုင်အီးအတွက် မဟုတ်ပါဘူးခင်ဗျား။

[Flash Got] https://addons.mozilla.org/firefox/220/



Best Chat Client

Internet Messaging နဲ့ Chatting Client တွေထဲမှာ အကောင်းဆုံးကတော့ Trillian ဆိုတဲ့ ဆော့ဖ်ဝဲလ်ပဲ ဖြစ်ပါတယ်။ အဲဒါကို သုံးရုံနဲ့ Yahoo Messenger, IRC, ICQ အစရှိတဲ့ဟာတွေ အားလုံးကို တပြိုင်နက် ၀င်ရောက် အသုံးပြုနိုင်ပါတယ်။ တကယ်တော့ ဒါက Shareware ဖြစ်ပါတယ်။ အခမဲ့ သုံးခွင့်ပြုသလို ပိုက်ဆံပေးဝယ်ယူရင် ပိုမိုကောင်းမွန်စွာ သုံးစွဲနိုင်တဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။

[Trillian] http://www.ceruleanstudios.com/downloads/



Best Firewall

ဖိုင်းယားဝေါလ်ဆိုတာ ကိုယ့်စက်ထဲကို တစ်ခြား ကွန်ပြူတာတွေ၊ ကိုယ့်ခွင့်ပြုချက် မရှိတဲ့ ပရိုဂရမ်တွေ ၀င်ရောက်မလာအောင် တားဆီးပေးတဲ့ လုံခြုံရေး အတားအဆီး တစ်ခု ဖြစ်ပါတယ်။ ကွန်ပြူတာ အသုံးပြုနေစဉ်မှာ ကိုယ်မသိတဲ့ ပရိုဂရမ် တစ်ခု အလုပ်လုပ်လာတယ်ဆိုရင် ခွင့်ပြုနိုင်သလို ပိတ်ထားလို့လည်း ရပါတယ်။ အဲဒီအတွက် အလိုအလျောက် ပရိုဂရမ်တွေ အလုပ်မလုပ် နိုင်တော့ပါဘူး။ တစ်ခု သတိထားရမှာက ကိုယ်အသုံးပြုနေကြဖြစ်တဲ့ ပရိုဂရမ်များ၊ တောရန့်် ကလိုင်းရင့်များ၊ ရဟူးမက်ဆင်ဂျာလို ဆားဗစ်များကိုတော့ ခွင့်ပြုချက် ပေးရမှာ ဖြစ်ပါတယ်။ အဲဒါတွေကို သွားပိတ်လိုက်ရင် အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ကျွမ်းကျင်သူများ အနေနဲ့ကတော့ အချိန်မရွေး အဖွင့်အပိတ် လုပ်ပေးနိုင်ပါတယ်။ အဲဒီ ဖိုင်းယားဝေါလ် တွေထဲမှာ သုံးစွဲရတာ လွယ်ကူ အဆင်ပြေ တာကတော့ ZoneAlarm ဆိုတဲ့ ဖိုင်းယားဝေါလ်ပဲ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲလ်ဟာလည်း Shareware ဖြစ်ပါတယ်။ ပါဆင်နယ် သုံးစွဲသူတွေ အနေနဲ့ အခမဲ့ သုံးစွဲနိုင်ပါတယ်။ ဒါကိုသုံးစွဲရတာ ခက်သေးတယ် အဆင်မပြေဘူး ဆိုရင်တော့ Sygate Personal Firewall ကိုသုံးစွဲပါလို့ အကြံပြုပါတယ်။ နှစ်ခုစလုံး ကောင်းမွန် လွယ်ကူပါတယ်။

[ZL] http://www.pcworld.com/downloads/file_description/0,fid,7228,00.asp
[Sygate] http://www.pcworld.com/downloads/file_description/0,fid,8132,RSS,RSS,00.asp




Best Antivirus Freeware

အခမဲ့ ပေးသုံးတဲ့ အန်တီဗိုင်းရပ်စ် ဆော့ဖ်ဝဲလ်တွေထဲမှာတော့ Avast ဟာ အကောင်းဆုံးပါပဲ။ ရှင်းလင်း လွယ်ကူတဲ့အပြင် နောက်ဆုံးပေါ် ဗိုင်းရပ်စ် အမျိုးအစားများကိုလည်း ဖမ်းပေးနိုင် တားဆီးပေးနိုင်ပါတယ်။ Update လည်း လုပ်လို့ ရပါတယ်။ ပုံစံလေးက လှတဲ့အပြင် အသုံးလည်း တည့်လှပါတယ်။ ပိုက်ဆံ တတ်နိုင်သူများ အနေနဲ့ကတော့ အန်တီဗိုင်းရပ်စ် ဆော့ဖ်ဝဲ တစ်မျိုးမျိုးကို ဒေါ်လာ ၃၀-၄၀ အကုန်ခံပြီး ထည့်သွင်းထားသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဒီဆော့ဖ်ဝဲလ်ကို သုံးစွဲသင့်ပါတယ်။

[Avast] http://www.filehippo.com/download_avast_antivirus/



Best Ad/Spyware Remover

Ad/Spyware ဆိုတာ ဗိုင်းရပ်စ်နဲ့ မတူပါဘူး။ ယေဘုယျအားဖြင့် ဗိုင်းရပ်စ်က ကွန်ပြူတာရဲ့ ဒေတာတွေ မှတ်ဥာဏ်တွေကို ဖျက်ဆီးတာ ဖြစ်ပြီး၊ ဒါတွေကတော့ စက်ကို လေးလံစေတာ၊ သူတစ်ပါးက ချုပ်ကိုင်တာ ဖြစ်ပါတယ်။ စပိုင်ဝဲလ် အဒ်ဝဲလ် ထိတဲ့ စက်ဟာ စွမ်းဆောင်ရည် အလွန်ကျဆင်း လာပါတယ်။ မန်မိုရီ သုံးစွဲမှုကို စစ်ဆေးကြည့်ရင် အမြဲတမ်း ၉၀% လောက် ရှိနေတာ တွေ့ရပါမယ်။ ကိုယ်က လင့်ခ်တစ်ခုကို သွားပေမယ့် ရောက်ချင်တဲ့ လင့်ခ်ကို ရောက်သွားတယ်။ မလိုလားတဲ့ ဆိုဒ်တွေ အလိုလို တက်လာတယ်။ ပုံတွေ တက်လာတယ်။ ဒါတွေဟာ စပိုင်ဝဲလ်တွေရဲ့ အစွမ်းတွေပါ။ အဲဒါတွေဟာ ကိုယ့်စက်ရဲ့ ရက်ဂျစ်စတြီ များထဲမှာကို ကုတ်တွယ် နေတတ်ပါတယ်။ မတတ်လို့ရှိရင် ဖျက်ရတာ အတော်ခက်ပါတယ်။ အဲဒါတွေ ကိုယ့်စက်ထဲမှာ ရှိတယ်လို့ သံသယ ရှိနေရင် Spybot ဆိုတဲ့ အခမဲ့ ပရိုဂရမ်လေးကို အသုံးပြုပြီး ရှင်းလင်း ပစ်နိုင်ပါတယ်။ သုံးစွဲရ လွယ်ကူပြီး အစွမ်းထက်ပါတယ်။ ဖိုင်းယားဝေါလ် တစ်ခုရယ်၊ အန်တီဗိုင်းရပ်တစ်ခုရယ်၊ စပိုင်ဝဲလ်ရီမုဒ်ဗာ တစ်ခုရယ်ဟာ အင်တာနက် သုံးစွဲသူတိုင်း မရှိမဖြစ် လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်ခင်ဗျား။

[Spybot] http://www.snapfiles.com/get/spybot.html



Best File Archiving Freeware

ကိုယ့်မိတ်ဆွေ တွေဆီကို ဖိုင်ပေါင်း ၁၀၀လောက် ပို့ချင်တဲ့အခါ ဖိုင်တွေ အများကြီးကို တစ်နေရာထဲမှာ ထည့်ပြီး တစ်ကြိမ်တည်း ပို့နိုင်ဖို့အတွက် ဒီလိုဆော့ဖ်ဝဲလ်မျိုးကို သုံးရပါတယ်။ ဒီဆော့ဖ်ဝဲလ်များဟာ ဖိုင်တွေကို စုစည်းပေးနိုင်သလို ဖိုင်ဆိုဒ်တွေကိုလည်း ချုံ့ပေးနိုင်ပါတယ်။ ဖိုင်ဆိုဒ်ချုံ့တာဟာ ရီဆိုလူးရှင်း ကျသွားတာ မဟုတ်ပါဘူး။ အဲဒီ ဖိုင်ထဲထည့်ထားချိန်မှာ ဖိုင်ဆိုဒ် သေးငယ်နေပြီး ပြန်ထုတ်ယူ ချိန်မှာတော့ နဂိုအရွယ်အစားအတိုင်း ပြန်ရနိုင်ပါတယ်။ နာမည်ကြီး ဆော့ဖ်ဝဲလ်တွေကတော့ Winzip, Winrar စတာတွေ ဖြစ်ပါတယ်။ အခု 7 Zip ဆိုတဲ့ ဆော့ဖ်ဝဲလ်ကတော့ အခမဲ့ဆော့ဖ်ဝဲလ် ဖြစ်တဲ့အပြင် အထက်ပါ နာမည်ကြီး ဆော့ဖ်ဝဲလ်တွေ အားလုံး လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုမိုမြင့်မားစွာ လုပ်နိုင်ပါတယ်။ ဖိုင်ချုံ့နိုင် စွမ်းအားလည်း ပိုကောင်းပါတယ်။ ဒီဆော့ဖ်ဝဲလ်ကိုသုံးရင် ကျန်တဲ့ ၀င်းဇစ်၊ အာအေအာဖိုင် စတာတွေကိုပါ ဖြေနိုင် ချုံ့နိုင်ပါတယ်ခင်ဗျား။

[7 Zip] http://www.7-zip.org/



Best File Cleaner

ဖိုင်တစ်ခုကို စက်ထဲကနေ Delete ခလုတ်နှိပ်လိုက်တိုင်း အမှန်တကယ် ပျက်သွားတာ မဟုတ်သေးပါဘူး။ မျက်စိအမြင်မှာ မမြင်နို်င်တော့ပေမယ့် ဟာဒ်ဒစ့်မှာ ကျန်နေနိုင်ပါသေးတယ်။ ဒီ CCleaner ဆိုတဲ့ ပရိုဂရမ်လေးက အဲဒီလို ဖျက်ထားတဲ့ ဖိုင်တွေကို လက်ကျန်မရှိအောင် ဖျက်ပေးနိုင်ပါတယ်။ ဖိုင်တွေသာ မကဘဲ အသုံးမ၀င်တဲ့ Registry ဒေတာတွေ၊ ကိုယ်သွင်းထားမိတဲ့ ဆော့ဖ်ဝဲလ်တွေ၊ အင်တာနက် ဟစ်စထြီဖိုင်တွေ၊ ကရှ်ဖိုင်တွေကိုလည်း ဖျက်ပေးနိုင်ပါတယ်။ သုံးစွဲရ အလွန် လွယ်ကူပြီး လျှင်မြန်ပါတယ်။

[CCleaner] http://www.filehippo.com/download_ccleaner/



Best File Encryption

File Encrypt လုပ်တယ်ဆိုတာ တနည်းအားဖြင့် ဖိုင်ကို ကာကွယ်ခြင်း တစ်မျိုးပါပဲ။ တချို့က ဖိုလ်ဒါကို စကားဝှက်သုံးပြီး ကာကွယ်လို့ရတယ်။ တချို့က ဖိုင်ကိုချုံ့ပြီး ကာကွယ်ကြတယ်။ ဒီ Axcrypt ကတော့ ဖိုင်ကို ကိုယ်နှစ်သက်ရာ စကားဝှက်ပေးပြီး ကာကွယ်လို့ရတဲ့ သေးငယ်ပေါ့ပါး အစွမ်းထက်လှတဲ့ ဖရီးဝဲလ် တစ်ခုပဲ ဖြစ်ပါတယ်။ စကားဝှက်သုံးပြီး ဖိုင်ကို Encrypt လုပ်လိုက်တာနဲ့ အဲဒီဖိုင်ဟာ Axcrypt ဖိုင်အဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒါကို ပြန်ဖြေလိုက်ရင် နဂိုဖိုင် ပြန်ရပါမယ်။ ကိုယ့်ဖိုင်တွေ လုံခြုံရေးအတွက် ဒီဆော့ဖ်ဝဲလ်လေးက အလွန် အသုံးဝင်ပါတယ်။ ဖိုင်တစ်ခု အပေါ်မှာ ညာဘက်ကလစ်ကို နှိပ်ပြီး ပြောင်းလဲ လိုက်ရုံနဲ့ ရတာမို့ အလွန်လည်း လွယ်ကူပါတယ်။

[Axcrypt] http://axcrypt.axantum.com/



Best File Scanner

HijackThis
ဆိုတာ နာမည်ကြီး ဖိုင်တွေကို စစ်ဆေးပေးတဲ့ ပရိုဂရမ် သေးသေးလေး ဖြစ်ပါတယ်။ ကိုယ့်စက်ထဲမှာ ဘာဖိုင်တွေ ရှိနေတယ်ဆိုတာကို စစ်ဆေးလို့ ရပါတယ်။ ကွန်ပြူတာ ပြင်တဲ့သူတွေ၊ ဗိုင်းရပ်စ် သတ်တဲ့သူတွေ လက်စွဲထားတဲ့ ပရိုဂရမ်လေးလည်း ဖြစ်ပါတယ်။

[Hijack] http://www.spywareinfo.com/~merijn/downloads.html



Best Lyric Detector

သီချင်းတွေ နားထောင်တဲ့အခါ စာသားကို လိုချင်လာခဲ့ရင် သက်ဆိုင်တဲ့ စာသား ၀ဘ်ဆိုဒ်တွေမှာ သွားသွားရှာရတာ အလုပ်အတော် ရှုပ်ပါတယ်။ ဒီ Evillyrics ဆိုတဲ့ပရိုဂရမ် လေးကတော့ သီချင်း ဖွင့်လိုက်တာနဲ့ တပြိုင်နက် သူ့ဘာသာ အင်တာနက်ကို ချိတ်ဆက်ပြီး စာသားကို ရှာပေးနိုင်ပါတယ်။

[Evillyrics] http://www.evillabs.sk/evillyrics



Best Sky Map

Stellarium
ဆိုတဲ့ ဆော့ဖ်ဝဲလ်ဟာ အကောင်းမွန်ဆုံး အခမဲ့ ကောင်းကင်ကြည့် ဆော့ဖ်ဝဲလ်တစ်ခု ဖြစ်ပါတယ်။ ကြယ်တွေ ဂြိုဟ်တွေ နက္ခတ်တာရာတွေကို လက်ရှိ အချိန်နဲ့ တပြေးညီ ကြည့်နိုင်ပါတယ်။ ရာသီစက်ဝန်းတွေ၊ ကြယ်စုတန်းတွေ၊ နက်ဗျူလာတွေကိုလည်း ရုပ်ပုံတွေနဲ့ ပြထားပါသေးတယ်။ ကောင်းကင်ကြည့်ရတာ နှစ်သက်သူတိုင်း သဘောကျ ကျေနပ်ကြမယ့် ဆော့ဖ်ဝဲလ် တစ်ခုလည်း ဖြစ်ပါတယ်။

[Stellarium] http://www.stellarium.org/



မှတ်ချက် : အထက်ပါ အခမဲ့ ဆော့ဖ်ဝဲလ် အားလုံးမှာ ကျွန်တော်ကိုယ်တိုင် စမ်းသပ် သုံးစွဲပြီးသား ဆော့ဖ်ဝဲလ်တွေ ထဲက အကောင်းဆုံးတွေကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။ အကောင်းဆုံးလို့ ဆိုရာမှာ ကျွန်တော် သုံးစွဲရတာ လွယ်ကူမှုနဲ့ အစွမ်းထက်မှု အပေါ်မှာ မူတည်ပြီး ကိုယ့်သဘောကျ ရွေးချယ်ထားတာ ဖြစ်လို့ တခြား ဘယ်သူနဲ့မှ တထပ်တည်း တူညီမှုတော့ ရှိမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ကိုယ်နှစ်သက်ရာကို ရွေးချယ် သုံးစွဲနိုင်ပါတယ်။ အခက်အခဲ ရှိလျှင် အီးမေလ်းနဲ့ ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

Tags : Best Freewares , Software , Knowledge